Friday, November 28, 2014

ပေကျင်းတွင် မြို့ရှိပြည်သူပိုင် အဆောက်အဦးနှင့် အများပြည်သူ သွားလာရာ နေရာများတွင် ဆေးလိပ် သောက်သုံးခြင်း တားမြစ်သည့် ဥပဒေ ထုတ်ပြန်



ဘေဂျင်း ဥပဒေပြုလွှတ်တော်က (၂၀၁၅) ဇွန်လ(၁)ရက်နေ့ကစပြီး မြို့ရှိပြည်သူပိုင် အဆောက်အဦး အတွင်းပိုင်းနှင့် အများပြည်သူ သွားလာရာနေရာများတွင် ဆေးလိပ် သောက်သုံးခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ပြည်သူပိုင် အဆောက်အဦး အတွင်းပိုင်းနှင့် ပြည်သူပို့ဆောင်ရေးနေရာများတွင် ဆေးလိပ်သောက်သုံးမှု တားမြစ်ရန် စည်ပင်သာယာရေးအစိုးရက ထုတ်ပြန်သည့် (၂၀ဝ၈)ခုနှစ် ဥပဒေနှင့် နှိုင်းယှဉ်ရင် ယခုဥကဒေသစ်က တားမြစ်မှုဧရိယာ တိုးမြှင့်လာခြင်း ဖြစ်ပါသည်။ တားမြစ်မှုအရ ပြည်သူပိုင် အဆောက်အဦးအတွင်းပိုင်း အလုပ်ခွင်များနှင့် ပို့ဆောင်ရေးယာဉ်များ အားလုံးသာမက အားကစားနှင့် ကျန်းမာရေး လေ့ကျင့်မှုပြုလုပ်ရာနေရာများ၊ သမိုင်းဝင်နေရာများမှာလည်း ဟန့်တားသွားမှာ ဖြစ်ပါသည်။ ဒါတင်မက ကျောင်းများ၊ ကလေးဆေးရုံများသာမက ဆရာများအနေနှင့်လည်း ကျောင်းသားများရှေ့မှာ ဆေးလိပ်သောက်သုံးခြင်းကို ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါသည်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးခွင့်ပြုသည့် နေရာများကိုလည်း မှုလတန်းကျောင်းနှင့် ကျောင်များ ကလေးစင်တာများ၏ မီတာတစ်ရာအတွင်း မထားရှိသင့်ကြောင်း တားမြစ်မှုတွင် ပါဝင်ပါသည်။ WHO ၏ ထုတ်ပြန်ချက်အရ ဆေးလိပ်ငွေ့ရှုရှိုက်ရမှုကြောင့် နှစ်စဉ်ဆေးလိပ် မသောက်သုံးသူ ခြောက်သိန်းကျော် သေဆုံးလျှက်ရှိပြီး သေဆုံးမှု၏ သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာမှာ ဆေးလိပ်ဆေးရွက်ကြီး ထုတ်လုပ်မှုနှင့် သောက်သုံးမှု အများဆုံးဖြစ်သည့် တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သုံးသူဦးရေ သန်းသုံးရာကျော်ရှိပြီး အခြားသန်း(၇၄၀)သည် ဆေးလိပ်ငွေ့ကို ရှုရှိုက်ရလျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment