ပီရူးနိုင်ငံလီမာတွင်
ဒီဇင်ဘာလ(၁)ရက်မှ (၁၂)ရက်အထိ ကျင်းပမည့် ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာညီလာခံ
ကော့ပ်-၂၀ကို လက်ခံကျင်းပမှာဖြစ်ရာ ပြီးခဲ့သည့်နှစ်လကျော်က ဒေါ်လာ(၅၄)သန်းကုန်ကျခံ တည်ဆောက်ထားသည့်
နေရာသို့ ပီးရူးနိုင်ငံသမ္မတ အိုလ်လန်တာ-ဟမ်မာလာ (၂၈-၁၁-၁၄) ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်း
သိရပါသည်။ (၂၀၁၅)ခုနှစ်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီရေး ဆွေးနွေးမည့် ကော့ပ်-၂၀သို့
နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံရေးသမား (၁၉၅)ဦးကျော် တက်ရောက်ကြမှာ ဖြစ်ပါသည်။
တက်ရောက်လာမည့် ခေါင်းဆောင်များ၏ လုံခြုံရေကို ထောက်ပံပေးရန် ပြင်ဆင်ထားကြောင်းလည်း
ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ပီရူးနိုင်ငံသည် (၂၀၂၀)ခုနှစ်မှာ သစ်တောပြုန်းတီးမှုနှုန်းကို
သုညအထိ ရောက်အောင်လျော့ချရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment