Friday, November 28, 2014

ဥရောပအာကာသအေဂျင်စီ အီဆာသည် ကမ္ဘာကြီးကို ခေတ်သစ်လေ့လာမှုပြုပုံကို ရှင်းလင်း ပြသထားသည့် ကွန်ပြူတာ အင်နီမေးရှင်းကို ထုတ်ပြန်



ဥရောပအာကာသအေဂျင်စီ အီဆာသည် ကမ္ဘာကြီးကို ခေတ်သစ်လေ့လာမှုပြုပုံကို ရှင်းလင်းပြသထားသည့် ကွန်ပြူတာ အင်နီမေးရှင်းကို (၂၈-၁၁-၁၄) ရက်နေ့က ထုတ်ပြန်လိုက်ပါသည်။ ဆန်တီနယ်လ်-ဝမ်းအေဂြိုလ်တုကို ပြီးခဲ့သည့် ဧပြီလ(၃)ရက်နေ့က ကမ္ဘာ့ပတ်လမ်းထဲကို လွှတ်တင်ခဲ့ပါသည်။ ရေခဲထု၊ ရေနံဖိတ်စင်ခြင်းတို့အပြင် ရေကြီးမှု၊ မြေငလျင်စသည့် ကိစ္စတွေမှာ တန်ပြန်နိုင်ရန် ရည်ရွယ်သလို ကော်ပါနီးယပ်စ်အစီအစဉ်ကို ဥရောပသမဂ္ဂနှင့် အီဆာတို့က လာမည့် (၂၀၂၀)အထိ အမေရိကန်ဒေါ်လာ (၁၁.၅)ဘီလီယံ ထောက်ပံ့သွားမှာ ဖြစ်ပါသည်။ ကော်ပါနီးယပ်စ်သည် လူသားဆိုင်ရာ ပဋိပက္ခပဲဖြစ်ဖြစ် သဘာဝအန္တရယ်နှင့်ပဲကြုံကြုံ အချက်အလက်တွေ ချပေးနိုင်ရန် ဒီဇိုင်းဆွဲထားသည်ဟု ဆိုပါသည်။ ဒါတင်မက စီးပွားရေး လုပ်ငန်းအတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မည်ဟု သိရပါသည်။ ဆန်တီနယ်လ်ဝမ်းဘီကို လာမည့်နှစ်ထဲမှာ လွှတ်တင်သွားရန်ရှိသလို အဆင့်မြင့်နည်းပညာများကို သုံးထားလို့ ကောင်းကင်ယံဟာ မှောင်နေရင်ဘဲဖြစ်ဖြစ် တိမ်ထူနေရင်ဘဲဖြစ်ဖြစ် ကမ္ဘာမြေ၏ ရေဒါပုံရိပ်ကို ကောင်းကောင်း ဖမ်းယူသွားနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment