ဂျပန်နိုင်ငံတောင်ပိုင်း
ကူမာမိုတိုဒေသရှိ အက်ဆိုမီးတောင်သည် (၂၈-၁၁-၁၄) ရက်နေ့က ပေါက်ကွဲခဲ့ရာ ပြာမှုန့်များအား
လေထဲသို့ မှုတ်ထုတ်ခဲ့ကြောင်း သိရပါသည်။ ယခုမီးတောင် ပေါက်ကွဲမှုကြောင့် လေကြောင်းလိုင်းများကို
ဖျက်သိမ်းခဲ့ပြီး ဂျပန်ပြည်ထဲရေးဝန်ကြီးဌာကနမှ သတိပေးချက်များ ထုတ်ပြန်ခဲ့ပါသည်။ ဒီမီးတောင်မှ
ပြာများနှင့် ချော်ရည်အတုံးများ ပန်းထွက်ခဲ့ပြီးနောက် ဒေသဆိုင်ရာ မိုးလေဝသအဖွဲ့က သတိပေးချက်အဆင့်(၂)
ထုတ်ပြန်ခဲ့ပါသည်။ ဒီမီးတောင်ပေါက်ကွဲမှုသည် ပြင်းထန်လာမလား ဆိုတာကို လေ့လာသူများက မခန့်မှန်းနိုင်သေးစဉ်မှာ
မီးတောင်၏ အနီးဆုံးမှာရှိသည့် ကူမာမိုတိုမြို့တွင် လေယာဉ်ပြေးဆွဲမှုကို ဖျတ်သိမ်းခဲ့ပါသည်။
ပြီးခဲ့သည့်စက်တင်ဘာလကလဲ မီးတောင်ပေါက်ကွဲမှုဆိုင်ရာ သတိပေးချက်မရှိဘဲ တိုကျိုမြို့
အနောက်ဘက် ကီလိုမီတာ(၂၀ဝ)အကွာရှိ အွန်တာကဲမီးတောင် ပေါက်ကွဲမှုကြောင့် လူ(၄၇)ဦးထက်မနည်း
သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment