တရုတ်နိုင်ငံ
ဟဲလိုကစ်တီ အထိမ်းအမှတ်ဥယျာဉ်အား (၂၀၁၅)ခုနှစ် နှစ်သစ်ကူးမှာ တရားဝင် ဖွင့်လှစ်မှာဖြစ်ရာ
အကြိုအဖြစ် မီဒီယာများနှင့် မိတ်ဆက်ပွဲ အခမ်းအနားကို (၂၈-၁၁-၁၄) ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
ဆန်ရီနိုကုမ္ပဏီ၏ တာဝန်ရှိသူများက ဒီအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရှန်ဟိုင်းမှ
နှစ်နာရီခွဲကြာ ကားမောင်းသွားရသည့် တရုတ်နိုင်ငံတောင်ပိုင်း အန်ဂျီစီရင်စုတွင် ပြုလုပ်ခဲ့ခြင်း
ဖြစ်ပါသည်။ ဒီဟဲလိုကစ်တီ ကြောင်ရုပ်ကလေးများသည် ဆန်ရီနို၏ အကျော်ကြားဆုံး ဇာတ်ကောင်လေးများဖြစ်ပြီး
ယခုနှစ်သည် ဟဲလိုကစ်တီ၏ နှစ်(၄၀)ပြည့်မြောက်သည့် နှစ်လည်းဖြစ်ပါသည်။ ပါးစပ်မပါသည့်
ကြောင်ရုပ်လေးသည် ခဝါအီလို့ခေါ်သည့် ဂျပန်ယာဉ်ကျေးမှု၏ အထိမ်းအမှတ်တစ်ခုဖြစ်ပြီး လက်ဆောင်
ပစ္စည်းကလေးများမှသည် လေယာဉ်ကိုယ်ထည်များအထိ နေရာယူထားပြီ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment