လိုက်ဘေးရီးယား
သမ္မတ အဲလဲန်ဂျွှန်ဆင်ဆာလိဖ်သည် မြို့တော် မွန်ရိုးဗီးယားရှိ ခုတင်(၁၀ဝ)ဆံ အီဘိုလာရောဂါ
ကုသရေးစင်တာသို့ သွားရောက်ခဲ့ပါသည်။ ၄င်းအဆောက်အအုံကို လိုက်ဘေးရီးယားအစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခ
အစီအစဉ်နှင့် အခြားအဖွဲ့များ စုပေါင်းပြီး ဆောက်လုပ်ထားတာ ဖြစ်ပါသည်။ သမ္မတက အီဘိုလာ
တိုက်ဖျက်ရေးမှာ ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများအားလုံး ရဲစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်တွေအပေါ်
ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အီဘိုလာရောဂါဟာ ဂီနီမှာ မတ်လကတည်းက ဖြစ်ပွားခဲ့ကာ
လူပေါင်း (၁)သောင်း (၃)ထောင့်(၇)ရာ (၃)ဦး ကူးစက်ခံရကာ (၅၀ဝ၀)နီးပါး သေဆုံးခဲ့ပါသည်။
အီဘိုလာဟာ အနောက်အာဖရိကနိုင်ငံများ ဖြစ်သည့် လိုက်ဘေးရီးယား ဆီရီယာလျူန်း နိုက်ဂျီးရီးယားနှင့်
မာလီတို့မှာ ပျံနှံဖြစ်ပွားခဲ့ပါသည်။ အခုအခါမှာတော့ နိုက်ဂျီးရီးယားနှင့်ဆီနီဂေါ နိုင်ငံတို့ဟာ
အီဘိုလာရောဂါ ကင်းစင်သည့်နိုင်ငံများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့ပါသည်။
သေဆုံးမှုများ လျော့ကျခဲ့ပြီး ရောဂါဖြစ်ပွားမှု နှေးကွေးမှု အရိပ်အယောင်ပြလျက်ရှိကြောင်း
(ဒဘလျူအိတ်ခ်ျအို)က အောက်တိုဘာလ (၂၉)ရက်နေ့က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အစိုးရကလည်း
အီဘိုလာရောဂါ ဖြစ်ပွားနေသည့် လိုက်ဘေးရီးယားကို ကူညီရန် အီဘိုလာရောဂါ ထိန်းချုပ်ကုသရေးယာဉ်တစ်ခုကို
စေလွတ်မှာ ဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံဟာ အာဖရိကသို့ ကျန်းမာရေး
ဝန်ထမ်းများနှင့် လုပ်အားပေးဝန်ထမ်း ရာပေါင်းများစွာ စေလွတ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment