Saturday, November 1, 2014

တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် အီရန်၊ တူရကီ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပပြီးနောက် တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ပြီးခဲ့သည့် သောကြာနေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ အီရန်၊ တူရကီ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗစ်ဇာရစ်က တရုတ်နှင့် အီရန်တို့ဟာ အာဖဂန် ငြိမ်းချမ်းရေးတည်ဆောက်ရေးမှာ ပူးပေါင်းကူညီမှာ ဖြစ်ကြောင်းနှင့် အခြားကဏ္ဍရပ်များ ပူးပေါင်းသွားရေးတို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အီရန်နှင့်အတူ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ခရီးသွားလာရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့နှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်ရန် မျှော်လင့်ပါကြောင်းနှင့် ယခုဆွေးနွေးပွဲ၏ အောင်မြင်မှုရလာဒ်များအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။ ဝမ်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာမှာ နှစ်နိုင်ငံရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ပါကစ္စတန်နယ်စပ်မှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်၏ တောင်းဆိုမှုကို အိန္ဒိယက သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment