ဩစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့မှ အမေရိကန်ဒေါ်လာ
(၁.၅)ဘီလီယံ တန်ဖိုးရှိသည့် တရားမဝင် မူးယစ်ဆေး တန်ချိန်(၃)တန်ကို နိုဝင်ဘာလ(၂၉)ရက်နေ့မှာ
ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ တင်ပို့ရန် ကြိုးပမ်းမှုမှာ ပါဝင်ပတ်သတ်သည့် လူ(၆)ဦးကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။ ဒီဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နယူးဆောက်သ်ဝေးလ်
ပြည်နယ်ရှိ ပရိဘောဂ ကွန်တင်နာအတွင်းက ဖွက်ထားသည့် သေတ္တာများအတွင်းမှ ရှောင်တခင်ဝင်ရောက်
စစ်ဆေးစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူများမှာ အားလုံးဟာ အသက်(၂၃)နှစ်မှ
(၃၄)နှစ်အကြား အရွယ်ရှိသည့် ဩစတြေးလျ ဒေသခံများဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment