Saturday, November 29, 2014

ရုရှားနိုင်ငံသည် ရေအောက်ကနေ ပစ်လွှတ်နိုင်သည့် နျူးကလီးယား ထိပ်ဖူးတပ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

ရုရှားနိုင်ငံသည် ရေအောက်ကနေ ပစ်လွှတ်နိုင်သည့် နျူးကလီးယား ထိပ်ဖူးတပ် ဘူလာဗာ တိုက်ချင်းပစ် ဒုံးကျည်ကို နိုဝင်ဘာလ(၂၈)ရက်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ နျူကလီးယား ရေငုပ်သင်္ဘော အလက်ဇန်းဒါး နီဗက်စ်စကီးဟာ ဘာရန့်စ်ပင်လယ်ရေအောက်မှ ‘ဒုံးကျည်ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်းနှင့် ၄င်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ခမ်ချက်ထ်ခကျွန်းဆွယ်မှာ ပြုလုပ်နေသည့် မြေပြင်စစ်ရေး လေ့ကျင့်မှုမှာ ကမ်းကပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အရှည်(၁၂)မီတာရှိသည့် ၄င်းသင်္ဘောကို ရုရှားနျူကလီးယား တပ်ဖွဲ့၏ အခြေခံအုတ်မြစ် ဖြစ်လာစေရန် ရည်ရွယ်ခဲ့တာ ဖြစ်ပါသည်။ နောက်ဆုံးစမ်းသပ်မှုကို အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာလက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါသည်။ ရုရှားနိုင်ငံဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှု ကြီးထွားလာမှုကို တုန့်ပြန်ရန် နျူကလီးယား အဟန့်အတားကို ဆုပ်ကိုင်ထားရမှာ ဖြစ်ကြောင်း ယခင်စမ်းသပ်မှု ပြုလုပ်ပြီးနောက် ရုရှားသမ္မတက ပြောကြားခဲ့ပါသည်။ ရုရှားနှင့်အနောက်နိုင်ငံများကြား ဆက်ဆံရေးဟာ ယူကရိန်း ပဋိပက္ခနှင့် ပတ်သတ်ပြီး ပိုမိုတင်းမာလာခဲ့ကြောင်း သိရပါသည်။  

No comments:

Post a Comment