ယခင်အီဂျစ် သမ္မတဟောင်း ဟိုစနီမူဘာရက်ခ်၏
အနှစ်(၃၀)ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည့် (၂၀၁၁)ခုနှစ်က ဆန္ဒဖော်ထုတ်မှုအတွင်း
ကန့်ကွက် ဆန္ဒဖော်ထုတ်သူများကို သတ်ပစ်ရန် အမိန့်ပေးခဲ့သလား ဆိုတာနှင့် ပတ်သတ်ပြီး တရားရုံး၏
ဆုံးဖြတ်ချက်ကို နိုင်ငံက မျှော်လင့်စောင့်စား နေတာကြောင့် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များသည်
အီဂျစ်တရားရုံး အပြင်ဘက်မှာ နိုဝင်ဘာလ(၂၉)ရက်နေ့မနက်မှာ အဆင့်သင့် စောင့်ဆိုင်းနေကြကြောင်း
သိရပါသည်။ (၁၈)ရက်ကြာ ဆန္ဒဖော်ထုတ်မှုအတွင်း ဥပဒေချိုးဖောက် အမိန့်ပေးခြင်းနှင့် ဆန္ဒ
ဖော်ထုတ်သူများအား သေဆုံးစေမှုမှာ ပါဝင် ပတ်သတ်နေမှု တို့ကြောင့် (၂၀၁၂)ခုနှစ်မှာ မူဘာရက်ခ်အား
ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း နောက်ပိုင်းမှာ အမှုကို ပြန်လည် စစ်ဆေးဖို့
တရားရုံးအား အယူခံဝင်ခဲ့ပါသည်။ ၄င်းသည် တရားစွဲဆိုခံထားရခြင်းမှ လွတ်မြောက်ခဲ့သော်လည်း အလွဲသုံးစားမှုအတွက် ကိုင်ရိုမြို့ မက်ဒီခရိုင်ရှိ
စစ်ဆေးရုံမှာ သုံးနှစ်ကြာ အကျယ်ချုပ်ချထားခြင်း ခံခဲ့ရပါသည်။ မူဘာရက်ခ်ဟာ ၄င်း၏သားများ၊
ထိပ်တန်း တာဝန်ရှိသူများနှင့် အတူ အမှုစစ်ဆေးခြင်း ခံနေရပြီး အကျင့်ပျက် ခြစားတယ်ဆိုသည့်
စွပ်စွဲချက်များကိုလဲ ငြင်းဆိုခဲ့ပါသည်။ ၄င်းဟာ စစ်ဆေးရေးအရာရှိနှင့် သမ္မတအဖြစ် ၄င်း၏နိုင်ငံကို
(၆၂)နှစ်ကြာ သစ္စာရှိစွာ တာဝန်ထမ်းဆောင် ပေးခဲ့ကြောင်း မူဘာရက်ခ်က ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment