နိုင်ဂျီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့
ဖြစ်သည့် ကာနိုမြို့ မြောက်ပိုင်းရှိ အဓိက ဝတ်ပြုကျောင်းမှာ ဝတ်ပြုနေသူများအား သေနတ်သမားများက
ပစ်ခတ်ပြီး ဗုံးသုံးလုံး ဖောက်ခွဲခဲ့မှု နိုဝင်ဘာလ(၂၈)ရက်နေ့က ဖြစ်ပွားခဲ့ရာ လူပေါင်း(၈၁)ဦး
ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် တာဝန်ရှိသူများက
ပြောကြားခဲ့ပါသည်။ ၄င်းတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့၏ လက်ချက်ဆိုတာ မသိရှိရသေးပေမဲ့ မကြာသေးခင်က
နိုင်ဂျီးရီးယားမှာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကိုတော့ ဘိုကိုဟာရမ် လက်နက်ကိုင်အဖွဲ့အား
ပြစ်တင်ထားပါသည်။ ဘိုကိုဟာရမ် လက်နက်ကိုင် အဖွဲ့ဟာ နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ
အကြမ်းဖက် တိုက်ခိုက်မှု တစ်ရာနီးပါးကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment