ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းသည် ဂီနီနိုင်ငံသို့
တရားဝင် ခရီးစဉ်အဖြစ် နိုဝင်ဘာလ(၂၈)ရက်နေ့က ရောက်ရှိခဲ့ပြီး ၄င်း၏ခရီးစဉ်သည် အီဘိုလာရောဂါ
စတင်ဖြစ်ပွား ကတည်းက ရောဂါကူးစက်ခံရသည့် ဒေသသို့ သွားရောက်သည့် အနောက်နိုင်ငံ ခေါင်းဆောင်တစ်ဦး၏
ပထမဦးဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရပါသည်။ ပြင်သစ်နိုင်ငံဟာ အနောက်အာဖရိကရှိ အီဘိုလာရောဂါ
ဖြစ်ပွားသည့် နိုင်ငံများသို့ စံနမူနာထားလောက်အောင် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း
နိုဝင်ဘာလ(၂၈)ရက်နေ့က ကတိပြုပြောကြားခဲ့ပါသည်။ ဟော်လန်းကို ဂီနီသမ္မတက ကြိုဆိုခဲ့ပြီး
အီဘိုလာဆေးရုံသို့ သွားရောက်ခဲ့ကာ ၄င်းရောဂါအား တုံ့ပြန်ရန် စာပွဲဝိုင်း ဆွေးနွေးပွဲ
ကျင်းပခဲ့ပါသည်။ ဟော်လန်းဟာ ပြင်သစ်စကားပြော နိုင်ငံများ၏ ထိပ်သီးညီလာခံအတွက် ဆီနီဂေါနိုင်ငံသို့လဲ
သွားရောက်မှာ ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် အနောက်အာဖရိကမှာ
စစ်ဘက်ဆိုင်ရာ ဆေးရုံတစ်ရုံ တည်ဆောက်ပေးဖို့နှင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုမှာ
ယူရိုသန်း(၁၀ဝ) ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သဘောတူညီခဲ့ကြပါသည်။ အခြားအနောက်နိုင်ငံများဟာလဲ
၎င်းတို့၏ ထောက်ပံ့မှုကို အရှိန်မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ အီဘိုလာရောဂါကြောင့်
အနောက်အာဖရိကမှာ လူပေါင်း(၅၆၀ဝ)ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ဂီနီနိုင်ငံ တစ်နိုင်ငံထဲမှာ
(၁၂၀ဝ)ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment