Monday, December 29, 2014

ဂျာမနီနိုင်ငံအရှေ့ပိုင်းနှင့်ဘာလင်မြို့တွင် နှင်းများပြင်းထန်စွာကျဆင်း

ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာ တိမ်များဖုံးအုပ်နေသော်လည်း ဂျာမနီနိုင်ငံအရှေ့ပိုင်းနှင့်ဘာလင်မြို့တွင် နှင်းများဖုံးလွှမ်းခြုံလျက်ရှိကြောင်း သိရပါသည်။ ဘာလင်မြို့၏ နာမည်ကြီး ဘရန်ဒါဘာ့ဂ်ျဂိတ်မှာလည်း နှင်းများ ပြင်းထန်စွာကျဆင်းနေပြီး အအေးဒဏ်ကို ခံစားနေကြရပါသည်။ မိုးလေဝသ ခန့်မှန်းသူများသည်ဂျာမနီ၏ရာသီဥတုသည် နှစ်သစ်ကူးပွဲတော်အတွင်း အပူချိန်ပိုမိုမြင့်တက်လာလျက် ရှိကြောင်း ခန့်မှန်းထားကြောင်းသိရှိရပါသည်။__ ရိုမေးနီးယားနိုင်ငံတွင်လည်း နှင်းများ ပြင်းထန်စွာကျဆင်းပြီး လေပြင်းများတိုက်ခတ်နေတာကြောင့် ဘူဇာယူ၊ ဗရာနားစ်နှင့် ဘရာအီလီးယားစီရင်စုတို့တွင်အမြင့်ဆုံးသတိပေးချက်နှင့် အခြား စီရင်စု(၉)ခုမှာ လိမ္မော်ရောင် အဆင့်သတိပေးချက် ထုတ်ပြန်ထားရပါသည်။ ခရီးသွား(၃၃)ဦးကိုလည်း ကယ်ဆယ်ထားရပြီး အေတူးအမြန်လမ်းမကြီးကိုလည်းပိတ်ထားခဲ့ရပါသည်။ နှင်းတောထဲမှာ ပိတ်မိနေသည့် လူများကို လူညီရန်နှင့် ကိုယ်ဝန်သည်(၇၂)ဦးကိုလဲ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးဖို့ အရေးပေါ် လုပ်သား(၁၅၇၀ဝ)နှင့် အထူးယာဉ်(၈၀ဝ)ကျော်ကို အသုံးပြုရန် ကြိုးစားနေကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment