Monday, December 29, 2014

အမေရိကန်နိုင်ငံ ဟာဝိုင်အီ၏အကြီးဆုံးကျွန်းပေါ်ရှိ မီးတောင်မှမီးခိုးပြာများသည် ပါအိုဝါရွာအနီးတွင် ပျံလွင့်လျက်ရှိ

အမေရိကန်နိုင်ငံ ဟာဝိုင်အီ၏အကြီးဆုံးကျွန်းပေါ်တွင်ရှိသည့် မီးတောင်မှ မီးခိုးပြာများသည်ပါအိုဝါရွာ၏စတိုးဆိုင်နှင့်ဓာတ်ဆီဆိုင်၏ ကိုက်(၆၉၀)ခန့်အကွာမှာ ပျံလွင့်နေကြောင်းနှင့်၎င်းမီးတောင်သည်ပြီးခဲ့သည့် သောကြာနေ့က ပြန်လည်လှုပ်ရှား လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အခုထွက်ရှိနေသည့် ကီလာအူဝါ မီးတောင်မှ မီးတောင်ပြာများသည်ပြီးခဲ့သည့် ဇွန်လ(၂၇)ရက်နေ့က ပေါက်ကွဲမှုပြီးနောက် စတင်ထွက်ရှိခဲ့ခြင်းဖြစ်ပြီး အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိပါသည်။ မီးခိုးပြာများသည် အိမ်များဆီသို့ ဆိုးကျိုးသက်ရောက်မှု မရှိပေမယ့် ပါအိုဝါ ဈေးရှိ စတိုးဆိုင်၊ ဓာတ်ဆီဆိုင်၊ ဆေးခန်း၊ ဈေးဆိုင်ငယ်များနှင့် စားသောက်ဆိုင်များသို့ ဦးတည်ပျံလွင့်လျက်ရှိတာကြောင့် တာဝန်ရှိသူများအနေနှင့် ကုန်သည်များနဲ့ ပူးပေါင်းပြီး လိုအပ်ပါက ၄င်းနေရာရှိ လူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment