တောင်ကိုရီးယားနိုင်ငံ
ဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်ပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ
(၁၇)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ရေပြာအိမ်တော် အစိုးရ အဆောက်အအုံတွင်
ကျင်းပခဲ့ပါသည်။ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ လီဝမ်ကူးသည် အသက်(၆၄)နှစ်ရှိပြီဖြစ်င်္ပြီး
ပြီးခဲ့သည့် တနင်္လာနေ့က တောင်ကိုရီးယားနိုင်ငံ လွှတ်တော်တွင် အတည်ပြု ခန့်ထားခဲ့တာဖြစ်ကြောင်း
သိရပါသည်။ လီသည် ဆန္ဒမဲ(၁၄၈)မဲ-(၁၂၈)မဲနှင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ သမ္မတပတ်ဂွန်ဟေးက
ပြီးခဲ့သည့် ဧပြီလက ဖြစ်ပွားခဲ့သည့် ကူတို့ရေယာဉ် တိမ်းမှောက်မှုကိစ္စနှင့် ပက်သက်ပြီး
ရာထူးမှနုတ်ထွက်ခဲ့ရသည့် ဝန်ကြီးချုပ် ဟွန်ဝန်၏ နေရာတွင် အသစ်တင်မြှောက်ဖို့အတွက် လီကို
ထောက်ခံပေးခဲ့တာလဲ ဖြစ်ပါသည်။ လီဟာဝါရင့် နိုင်ငံရေးလုပ်ဆောင်သူတစ်ဦးဖြစ်ပြီး ၄င်းကို
အစိုးရ၊ လွှတ်တော်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အဖွဲ့(၃)ဖွဲ့မှာ
သဘောတူ ရွေးချယ်ထားတာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment