ပြီးခဲ့သည့်
ဆွေးနွေးပွဲနောက်မှာ တရုတ်နိုင်ငံမှ တာဝေးပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များကို
ဝယ်ယူဖို့ဆုံးဖြတ် နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုပါကြောင်း တူရကီအငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက
ပြောကြားခဲ့ပါသည်။ နည်းပညာ တွေရရှိပြီး နိုင်ငံကာကွယ်ရေး အတွက်ဆောင်ရွက်ဖို့ ဖြစ်ကြောင်း၊သိရကာ
တန်ဖိုးအားဖြင့် (၃.၄)ဘီလီယံေ ဒ်ါလာထိရှိပြီး ပြီးခဲ့သည့်(၂၀၁၃)ခုနှစ် တုန်းကလည်း အမေရိကန်နှင့်
ပြင်သစ်ယှဉ်ပြိုင် သူများကို ကျော်ဖြတ်ပြီး (၅)ဘီလီယံ ဒေါ်လာနှင့် (၄.၄)ဘီလီယံ ဒေါ်လာ
တန်ဖိုးရှိသော လက်နက်တင်ပို့မှုနှင့် တင်သွင်းမှုများကို တရုတ်နိုင်ငံ အနေနှင့်ရရှိခဲ့တာ
ဖြစ်ပါသည်။ သို့သော်လည်း နေတိုးလက်နက် ထိန်းချုပ်ရေးမှ အမေရိကန်၏ ဖိအားပေးမှုကြောင့်
ကြန့်ကြာမှုတွေ ဖြစ်နေရပါသည်။ တူရကီဟာ နေတိုးအဖွဲ့ဝင် ဖြစ်ပေမဲ့ ပြည်တွင်းလုပ် တာဝေးပစ်
ဒုံးကျည်စနစ်မရှိသည့် နိုင်ငံလည်း ဖြစ်ပါသည်။ ယခုသဘော တူညီမှုအရ မကြာခင်မှာ နိုင်ငံကာကွယ်
ရေးအတွက် အကြီးကျယ်ဆုံးသော ကာကွယ်ရေး စီမံကိန်းကို အကောင်အထည် ဖော်နိုင်တော့မှာပဲ ဖြစ်ပါသည်။
တရုတ်၏ တာဝေးပစ် ဒုံးကျည်စနစ် အက်ဖ်ဒီ-(၂၀ဝ၀)ဟာ တင်ပို့မှုအတွက် အထူးပြုလုပ် ထားခြင်းဖြစ်ပြီး
အဝေးမှ လှုပ်ရှားနေသော ပစ်မှတ်များကို ပစ်ချနိုင်စွမ်းရှိသည့် လက်နက် တစ်မျိုးလည်းဖြစ်ကာ
(၂၀၁၂)ခုနှစ်ကမှ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment