အကြောင်းကြား
ခြင်းမရှိပဲ နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်းများနှင့် နိုင်ငံသားကဒ်(၂)မျိုး ကိုင်ဆောင်ထား
သူများအပေါ် ပိုမိုတင်းကျပ် မှုတွေကို လုပ်ဆောင်ခြင်းအပေါ် ပြည်တွင်းမှာ မငြိမ်သက်စေခြင်းဟု
မယူဆပဲ ဒါဟာ အမျိုးသား လုံခြုံရေးအတွက် တိုးမြင့်ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတာကို သဘောပေါက်ကြဖို့
လိုကြောင်းဖြင့် ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က ပြောကြားခဲ့ပါသည်။ အက်ဘော့ထ်အနေနှင့်
တုံ့ပြန်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ခေါင်းဆောင်ပိုင်း နေရာအတွက် လှုပ်ခတ်မှုတွေ
ရှိခဲ့ရပြီး တစ်ဦးချင်း လွတ်လပ်ခွင့်တွေကို ထိပါးပြီး နိုင်ငံလုံခြုံ ရေးအတွက် လုပ်ဆောင်နေရ
ခြင်းအပေါ် နားလည်မှု ရှိကြဖို့နှင့် အီရတ်နှင့် ဆီးရီးယား၏ ဂယက်တွေကြောင့် လက်နက်ကိုင်များ၏
အန္တရာယ်ကို ပြည်သူတွေ သိမြင်ကြဖို့ လိုကြောင်းဖြင့် ရှင်းလင်းပြောကြား ခဲ့ကြပါသည်။
လူမှုရေး လုပ်ငန်းတွေနှင့် လူမှုဂရုဏာ လုပ်ငန်းတွေကို ဗန်းပြပြီး လက်နက်ကိုင် အကြမ်းဖက်တွေကို
တစ်ဖက်လှည့်နှင့် ငွေကြေးထောက်ပံ့ တာမျိုးတွေကို လူဝင်မှုကြီးကြပ်ရေး နိုင်ငံရေးနှင့်
စုံစမ်းထောက်လှမ်း ရေးများကနေမှ အသေးစိတ် စစ်ဆေးပြီး ဥပဒေသစ် ပြဌာန်းကာ အရေးယူသွားဖို့
ရှိကြောင်းလဲ ပြောကြားခဲ့ပါသည်။ ဩစတြေးလျ နိုင်ငံသား ဘာသာခြား (၁၁၀)ခန့်ဟာ အိုင်အက်စ်တို့နှင့်
သွားရောက်ပူးပေါင်း ခဲ့ကြပြီး လူပေါင်း(၂၀)ခန့် သေဆုံးခဲ့ပြီးဖြစ်ကာ အက်ဘော့ထ်အနေနှင့်
အိုင်အက်စ်များကို တိုက်ခိုက်ဖို့အတွက် လေတပ်အထူးတပ်များ ထောက်ပံ့သွားဖို့ မနှစ်ကပြောကြားခဲ့ပြီး
နိုင်ငံခြား တိုက်ခိုက်ရေးသမား များရန်ကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးအင်အားကို ပိုမိုမြင့်တင်သွား
နိုင်ရေးအတွက်လည်း ဥပဒေသစ် ပြဌာန်းဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment