Monday, February 9, 2015

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့နှင့် နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိနေရာများတွင် နှင်းများကျဆင်း

ပစိဖိတ်ကမ်းရိုးတန်းမှာ လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းနေတာကြောင့် အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့နှင့် နိုင်ငံရဲ့ အရှေ့မြောက်ဘက်ရှိနေရာများမှာ နှင်းများကျဆင်းမှုဟာ (၉၁)စင်တီမီတာလောက်ထိရှိနေကာ နောက်ရက်များမှာလည်း ပိုမိုကျဆင်းလာနိုင်ကြောင်း သိရပါသည်။ အမျိုးသားမိုးလေ၀သဌာနကတော့ ဘော်စတွန်းနှင့် နယူအင်္ဂလန်တို့မှာ အချိန်အတော်ကြာ နှင်းများကျဆင်းနေမယ်လို့ ခန့်မှန်းထားပြီး နှင်းမုန်တိုင်းသတိပေးချက်များကိုလည်း ထုတ်ပြန်ထားပါသည်။ အခုလို (၃)ပတ်ထက်မနည်း နှင်းမုန်တိုင်းတိုက်ခတ်မှုဟာ ဒေသတွင်းမှာ တတိယအကြိမ်မြောက် ဖြစ်ပါသည်။ နှင်းကျဆင်းမှုကြောင့် ဘော်စတွန်မြို့ရဲ့ လိုဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ခရီးစဉ်ပေါင်း(၂၀၀)နီးပါးကို ဖျက်သိမ်းခဲ့ရပါသည်။ ဘော်စတွန်းရှိကျောင်းများကိုလဲ ဒီကနေ့မှ မနက်ဖြန်ထိ ပိတ်ထားမှာဖြစ်ပြီး မန်ဆာချူးဆက်ပြည်နယ်ရှိ အစိုရရုံးများကိုလဲ အိမ်ထဲမှာသာနေကြဖို့ တိုက်တွန်းထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment