အမေရိကန်နိုင်ငံသည် (၂၀၁၆)ခုနှစ်မှာ အာဖဂန်နစ်စတန်မှ
၎င်းတို့၏ တပ်ဖွဲ့များကို ခေါ်ယူရန် ပြန်လည်ဆန်းစစ်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး
အာ့ရှ်-တွန်ကာတာက ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ပြောကြားခဲ့ပါသည်။ ကာတာသည် အာဖဂန်သမ္မတ အက်ရှရက်ဖ်-ဂါနီနှင့်
တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါသည်။ အိုဘားမားဟာ (၂၀၁၄)ခုနှစ်
နှစ်ကုန်ပိုင်းက နိုင်ငံခြားတပ်ဖွဲ့များ၏ အာဖဂန်မှာ တာဝန်ထမ်းဆောင်ချိန်သည် ပြီးဆုံးခဲ့ပြီး
ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကာတာဟာ ပြီးခဲ့သည့် အင်္ဂါနေ့က ကာကွယ်ရေးဝန်ကြီးအဖြစ်
ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အာဖဂန်မှာ ရောက်ရှိနေသည့် ၄င်း၏(၂)ရက်တာ ခရီးစဉ်အတွင်း အာဖဂန်ခေါင်းဆောင်များအပြင်
အမေရိကန် တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment