Sunday, February 22, 2015

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကင်မရွန်းသမ္မတတို့ တွေ့ဆုံ



ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်-ဖားဘီးယပ်စ်ဟာ ကင်မရွန်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ကင်မရွန်းသမ္မတနှင့် တွေ့ဆုံခဲ့ကာ ဘိုကိုဟာရမ် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ခံနေရသည့် ပြင်သစ်စကားပြော ကင်မရွန်းနိုင်ငံအတွက် ပြင်သစ်၏ ရပ်တည်ချက်ကို ဖော်ပြခဲ့တာ ဖြစ်ကြောင်း သိရပါသည်။ ဖားဘီးယပ်စ်ဟာ နိုင်ဂျာနှင့် ချဒ်နိုင်ငံတို့သို့လည်း သွားရောက်ခဲ့ပြီး နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာရှိသည့် လက်နက်ကိုင် အုပ်စုကို နောက်လကုန်မှစပြီး မြေပြင်နှင့် လေကြောင်းမှ ထိုးစစ်ဆင်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆွန်နီလက်နက်ကိုင်များဟာ (၆)နှစ်တာကာလအတွင်း လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး လူရာပေါင်းများစွာကို ပြန်ပေးဆွဲခဲ့ကာ ပြီးခဲ့သည့်နှစ်က အင်အား ပိုမိုတောင့်တင်း လာခဲ့ပါသည်။ ၄င်းပြသာနာကို ဖြေရှင်းနိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံများအနေနှင့် ပြစ်မှုများ ကျူးလွန်ပြီး ထွက်ပြေးလာသည့် ဘိုကိုဟာရမ် လက်နက်ကိုင်များကို ဖမ်းဆီးပြီး နိုင်ဂျီးရီးယားနိုင်ငံ အတွင်းသို့ ပြန်လည်ပေးပို့ရန် လိုကြောင်း ဖားဘီးယပ်စ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment