ယူကရိန်း အရှေ့ပိုင်းမှာ ဖြစ်ပွားနေသည့် ပဋိပက္ခများ
ဖြေရှင်းရေးနှင့် ပတ်သတ်ပြီး အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား အနေနှင့် နောက်ထပ် ကြိုးပမ်းမှုများကို
လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသည်။ ဒါဟာ အီးယူ၏ ကြားဝင်ပေးမှုဖြင့် ရရှိခဲ့သည့်
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်လာခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ရုရှားကို ကန့်သတ်ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန်နှင့် ယူကရိန်း တပ်ဖွဲ့ဝင်များကို
လက်နက်များ ထောက်ပံ့ပေးရန်လည်း စဉ်းစားနေပြီး ဆုံးဖြတ်ချက်ကို လာမည့်ရက်များအတွင်း
၎င်းဒေသမှာ ဖြစ်ပွားနေသည့် အခြေအနေများကို မူတည်ပြီး ချမှတ်မှာ ဖြစ်ကြောင်းနှင့် အီရန်နှင့်
နယူးကလီးယားအရေး ဆွေးနွေးဖို့လည်း နှောင်းနှေးနေမှာ မဟုတ်ကြောင်း ကယ်ရီက ပြောကြားခဲ့ပါသည်။
ပြင်သစ်နှင့် ဂျာမနီတို့၏ ကြားဝင်မှုဖြင့် အခုလ(၁၅)ရက်နေ့က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
ပြုလုပ်ခဲ့ပေမယ့် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကို ထောက်ပံ့ပေးနေတယ်လို့
ယူကရိန်းတပ်ဖွဲ့က စွပ်စွဲထားပါသည်။ လန်ဒန်သို့ ရောက်ရှိနေသည့် ကယ်ရီသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး
ဖီလစ်ဖ်ဟမ်မွန်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး အီရန်နယူးကလီးယား အရေးနှင့် အိုင်အက်စ်တို့၏
ခြိမ်းခြောက်မှုများ စသည့် အရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment