Monday, February 23, 2015

ဗြိတိန်နိုင်ငံ လန်ဒန်မှ ကျောင်းသူ(၃)ဦး ဂတ်ဝှစ်ခ်ျ လေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် နေရပ်ပြန်ပို့

ဗြိတိန်နိုင်ငံ လန်ဒန်မှ ကျောင်းသူ(၃)ဦး  ဆီးရီးယားသို့ သွားရန်ကြိုးစား ခဲ့ကြပြီး မိသားစုမသိအောင် ထွက်လာခဲ့ကြ သူများဖြစ်ကာ အစ်စတန်ဘူလ် သို့သွားဖို့အတွက် တူရကီလေကြောင်း လိုင်းကိုစီးရန် ဂတ်ဝှစ်ခ်ျ လေဆိပ်သို့ အရောက်မှာ စစ်ဆေးတွေ့ရှိ ခဲ့ရပြီးနောက် နေရပ်ပြန်ပို့ ခံရတာဖြစ်ပြီး (၂)ဦးကတော့ အသက်(၁၅)နှစ် ဖြစ်ပြီး နောက်တစ်ဦးကတော့ အသက်(၁၆)နှစ် အရွယ်ဖြစ်ပါသည်။ ရှာမီမာဘီဂမ် အေမီယာ- အာဘာစီနှင့် ခါဒီဇာ- ဆူလ်တာနာတို့ (၃)ဦးဟာ ဘတ်သ်နယ်ဂရင်းန် အကယ်ဒမီမှ ကျောင်းသူများ ဖြစ်ကြပြီး ၄င်းတို့နှင့် တစ်ကျောင်းတည်းသူ (၄)ဦးမြောက် ဆယ်ကျော်သက် ကျောင်းသူကတော့ ပြီးခဲ့သည့် ဒီဇင်ဘာလက တူရီကီမှတစ်ဆင့် ဆီးရီးယားသို့ ထွက်သွားခဲ့ပြီဟု ရဲတပ်ဖွဲ့က ယုံကြည်ထား ကြပါသည်။ လုံခြုံရေး သတင်းများအရ ဗြိတိန်နေ ဘာသာခြားပေါင်း (၆၀ဝ)ခန့်ဟာ ဆီးရီးယားသို့ ထွက်ခွာသွား ခဲ့ကြပြီးဆွန်နီ လက်နက်ကိုင်များနှင့် သွားရောက်ပူးပေါင်း ခဲ့ကြတာကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့ကာ အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်ချက်များအရ နေရပ်ပြန်လာ သူများ၏ ထက်ဝက်ခန့်ရှိပြီး အတော်များများကို ဗြိတိန်ပြန်အဝင်မှာ ဖမ်းဆီး ထိန်းသိမ်းနေကြောင်း သိရှိရပါသည်။

No comments:

Post a Comment