အဝါရောင်
ဖုန်မှုန့်များသည် တောင်ကိုးရီးယားသို့ ဝင်ရောက်လျှက်ရှိပြီး သဲများနှင့် အဆိပ်ရှိလေများကြောင့်
ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားရကာ တရုတ်နိုင်ငံမှ တိုက်ခတ်လာ ခြင်းဖြစ်ကြောင်း
အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ဆိုးလ်နှင့် အခြားမြို့များမှာပါ အဝါရောင်မုန်တိုင်း
သတိပေးချက်တွေကို ကိုးရီးယား မိုးလေဝသ စီမံခန့်ခွဲရေးမှ သတင်းထုတ်ပြန် ထားခဲ့ပါသည်။
(၂၀၁၀)ခုနှစ် တုန်းကလည်း ဆိုးလ်မှာအဆိုပါ အခြေအနေမျိုး ကြုံတွေ့ခဲ့ရ ဖူးပါသည်။ နေအိမ်တွင်းမှာသာ
နေကြဖို့နှင့် အပြင်ထွက်ရင် မျက်နှာဖုံးစွပ်ဖို့ ဆော်ဩထားပြီး လေပြင်းများကြောင့် မွန်ဂိုလီးယားနှင့်
တရုတ်နိုင်ငံ မြောက်ပိုင်း သဲကန္တာရမှ ဖုန်မှုန့်များသည် အခုလိုမျိုး ကိုးရီးယား ကျွန်းဆွယ်ကို
ရောက်ရောက် လာတတ်တာ ဖြစ်သည်ဟု သိရှိရပါသည်။
No comments:
Post a Comment