Monday, February 16, 2015

နယူးဇီလန် ကမ်းခြေတစ်ခုတွင် ဝေလငါး(၂၀၀) နီးပါး သောင်တင်နေ

နယူးဇီလန်ရဲ့ ကမ်းခြေတစ်ခုမှာ ဝေလငါး(၂)ရာနီးပါး သောင်တင်နေခဲ့ပြီး အခုမြင်တွေ့ရမယ့် ဝေလငါးကြီးကတော့ အကောင်(၆၀)ကျော်ထဲက (၁)ကောင်ပဲဖြစ်ပါသည်။ အသက်ဘေးက လွတ်လာတဲ့ ဝေလငါးကြီးတွေကိုတော့ ရေပေါ် ပေါလောပေါ်နိုင်မယ့် အရာတွေ တပ်ပေးပြီး ဒီရေတက်ချိန်မှာတော့ ရေနက်သို့ တဖြည်းဖြည်း ပို့ပေးခဲ့ရသည်လို့ ဆိုပါသည်။ သို့မှသာ ရေနက်ထဲသို့ ကူးဆင်းသွားနိုင်မှာ ဖြစ်ပါသည်။ ဒီငါးကြီးတွေ စိုစွတ်နေဖို့နှင့် သက်တောင့်သက်သာရှိဖို့ စေတနာဝန်ထမ်းတွေနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သားတွေ နာရီမလတ်ကြိုးစားခဲ့ရတာဖြစ်ပါသည်။ မိမိတို့ရဲ့ အားထုတ်မှု အထမြောက်သွားခဲ့ဟု ၀မ်းသာခဲ့ကြရသလို ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကတော့ မိမိတို့ငါးကြီးတွေကို လွှတ်ပေးပြီးကတည်းက ဝေလငါးတစ်ကောင် တစ်လေကိုတောင် မတွေ့ရတော့ကြောင်းနှင့် မိမိတို့အနေနှင့်တော့ ဒီဧရာမငါးကြီးတွေပင်လယ်ပြင်မှာ လွတ်လွတ်လပ်လပ် ကူးခတ်နေပြီဟု မျှော်လင့်မိပါသည်ဟု ပြောကြားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment