ရုရှား၏ ဆက်ခ်ဟွိုင်တီ-၅၀ တိုက်ခိုက်ရေး
ဂျက်လေယာဉ်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က နိုင်ငံအတွင်း စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ
လုပ်ဆောင်နိုင်ခဲ့ပြီး ရုရှားလေတပ် အနေနှင့်တော့ လာမဲ့(၂၀၁၆)ခုနှစ်မှာ အသုံးပြုနိုင်လိမ့်မယ်လို့
မျှော်လင့်ထားကြောင်း သိရပါသည်။ တီ-၅၀သည် အများဆုံး တစ်နာရီကို ကီလိုမီတာ(၁၉၀ဝ)ထိ ရောက်ရှိနိုင်ပြီး
(၃၄)တန် တင်ဆောင်နိုင်ကာ အင်ဂျင်(၂)လုံးတပ်၊ ထိုင်ခုံတစ်ခုတည်းပါသည့် ရုရှား၏(၅)ဆက်မြောက်
တိုက်ခိုက်ရေးလေယာဉ် ဖြစ်ပါသည်။ ရုရှား၏လေယာဉ်နှင့် ယူအက်စ်အက်ဖ်-၂၂ ယာဉ်တို့သည် တိုက်ခိုက်ရေး
ဂျက်လေယာဉ်များထဲမှာ အကောင်းဆုံး ဖြစ်တာကြောင့် ယခုစမ်းသပ်ပျံသန်းသည့် တီ-၅၀သည် အက်ဖ်-၂၂နှင့်
အမြဲတမ်း ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါသည်။ ရုရှားတပ်ဖွဲ့ကတော့ ၄င်းတို့၏ တိုက်လေယာဉ်အပေါ်မှာ
ယုံကြည်မှုတွေ ရှိနေပါသည်။ တီ-၅၀၏ ဈေးနှုန်းကတော့ အက်ဖ်-၂၂ထက် နည်းပါးပြီး ယခုလောလောဆယ်ဆယ်မှာ
ရုရှားလေတပ်က တီ-၅၀ တိုက်ခိုက်ရေးယာဉ် အစီး(၆၀) မှာယူထားတာဖြစ်ကာ ၄င်းတိုက်ခိုက်ရေးယာဉ်
အသစ်များကို အနာဂတ်မှာ မီဂျီ-၂၉နှင့် ဆု-၂၇ တိုက်ခိုက်ရေးယာဉ်များ နေရာမှာ အစားထိုးသွားမှာ
ဖြစ်ပါသည်။ ရုရှားလေတပ်၏ ပထမဆုံးအသုတ်ဖြစ်သည့် တီ-၅၀ တိုက်ခိုက်ရေးယာဉ်များကို အရှေ့ဥရောပရှိ
နေတိုးတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့ နိုင်ငံ၏ နောက်တန်းစစ်မျက်နှာပြင်မှာ
တပ်ဖြန့်ချထားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment