အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးမှ နျူးကလီးယား
သဘောတူညီချက် ရရှိရန် အပြင်းအထန် တိုက်တွန်း ကြိုးစားနေပေမဲ့ ခက်ခက်ခဲခဲ ဆွေးနွေးဖြေရှင်းရမည့်
အချက်များ ရှိနေသေးကြောင်း အီရန်တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။ အခြေခံ သဘောတူညီချက်
ရရှိဖို့ နောက်ဆုံး သတ်မှတ်ရက် ဖြစ်သည့် မတ်လ(၃၁)ရက် မတိုင်ခင် အီရန်နှင့် အမေရိကန်ကြား
ဆွေးနွေးမှု(၃)ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပြသနာများကို
ဆွေးနွေး အဖြေရှာခဲ့ကြပါသည်။ အီရန်၏ ယူရေနီယံ ကြွယ်ဝမှု၊ အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ
ပယ်ဖျက်ရေး စသည့်အချက်များမှာ သဘောထားများ ကွဲလွဲနေပေမဲ့ အခြေခံ သဘောတူညီချက် ရရှိဖို့
နှစ်ဖက်လုံးမှ ဆန္ဒရှိနေကြတာ ဖြစ်ပါသည်။ အီရန်နှင့် အမေရိကန်အပြင် (ပီဖိုက်+ဝမ်း) အဖွဲ့ကြီး၏
ဆုံးဖြတ်ချက်များဟာလည်း ဆွေးနွေးပွဲမှာ အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ
အီရန်နှင့် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ရာမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး
လော့ရင့်-ဖားဘီးယပ်စ်မှ ဟန့်တား နှောင့်နှေးစေခဲ့တာ ဖြစ်ကြောင်း အီရန်မီဒီယာက ပြစ်တင်ဝေဖန်
ထားတယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment