နည်းပညာ အသစ်များနှင့်
မဟာဗျူဟာကျသည့် စစ်ရေးပရိယာယ်များကို မျှဝေနိုင်ရန် အမေရိကန် အထူးတပ်ဖွဲ့နှင့် ပီရူး၏ဒေသတွင်း
ဆွာ့တ် တပ်ဖွဲ့ဝင်များသည် ပီရူးနိုင်ငံ လီမာမြို့မှာ မတ်လ(၂၇)ရက်နေ့က စစ်ရေးလေ့ကျင့်မှု
တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခုလို စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရသည့် ရည်ရွယ်ချက်က
(၂)နိုင်ငံကြားရှိ လုံခြုံရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့အတွက် ဖြစ်ပါသည်။
ဒေသမီဒီယာ၏ ထုတ်ပြန်ချက်အရ ပီရူးတပ်ဖွဲ့ဝင်(၃၀)သည် ဖမ်းဆီးခံ ဓါးစာခံများအား ကယ်ဆယ်ခြင်း၊
အနီးကပ် တိုက်ပွဲများနှင့် အခြားကျွမ်းကျင်မှု နည်းပညာများကို လေ့ကျင့်ခဲ့ကြတယ်လို့
သိရပါသည်။ အခုစစ်ရေး လေ့ကျင့်မှုသည် သီတင်းပတ်(၆)ပတ် ကြာမြင့်မှာလည်း ဖြစ်ပါသည်။ ကုလသမဂ္ဂက
ပီရူးနိုင်ငံကို ကိုကင်းနှင့် ကိုကာပင် ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ထည့်သွင်းခဲ့ခြင်းကြောင့်
အခုလို စစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ဥပဒေမဲ့
လုပ်ဆောင်ခြင်းတွေကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း ကြေငြာချက် ထုတ်ပြန်ထားကြောင်း
ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment