Monday, March 9, 2015

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ်သည် တိုကျိုရှိ သိပ္ပံနှင့်နည်းပညာ ပြတိုက်သို့ သွားရောက်ခဲ့ရာ လူသားပုံစံတူ စက်ရုပ်မှ ကြိုဆို

ဂျပန်နိုင်ငံသို့ (၂) ရက်ကြာ အလည်အပတ် ခရီးရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်သည် တိုကျိုရှိ သိပ္ပံနှင့်နည်းပညာ ပြတိုက်သို့ သွားရောက်ခဲ့ပြီး ၄င်းကို လူသားပုံစံတူ စက်ရုပ်မှ ကြိုဆိုခဲ့ကြောင်း သိရပါသည်။ သိပ္ပံနှင့်တီထွင်မှုဆိုင်ရာ အမျိုးသားပြတိုက် မီရိုင်ကန်မှာ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးပေါ် နည်းပညာများကို ပြသထားပြီး အမေရိကန်သမ္မတ ဘားရတ်ခ် အိုဘားမားကလည်း (၂၀၁၄)ခုနှစ်က ၄င်းပြတိုက်သို့ လာရောက်လည်ပတ်ခဲ့ ဖူးပါသည်။ ဟွန်ဒါကုမ္ပဏီမှ ထုတ်လုပ်သည့် ခြေနှစ်ချောင်းပါ အာဆီမို စက်ရုပ်မှ မာကဲလ်ကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြခန်းအတွင်း လှည့်လည်ပြသခဲ့ပါသည်။ မာကဲလ်ဟာ ဂျပန်ဘုရင် အာခီဟီတို၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment