Sunday, March 8, 2015

အင်အားကြီး နိုင်ငံများကြား ခိုင်မာသည့် ဆက်ဆံရေးသစ်တစ်ခု တည်ထောင်ရန် သဘောတူညီချက်ကို စိတ်ဝင်စားမှု ရှိပါကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးပြောကြား

အင်အားကြီး နိုင်ငံများကြား ခိုင်မာသည့် ဆက်ဆံရေးသစ်တစ်ခု တည်ထောင်ရန် သဘောတူညီချက်ကို တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက စိတ်ဝင်စားမှု ရှိပါကြောင်း အန်ပီစီ ညီလာခံရဲ့ သီးခြားဆွေးနွေးပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါသည်။ (၁၂)ကြိမ်မြောက် အန်ပီစီညီလာခံရဲ့ တတိယ အကြိမ်ဆွေးနွေးပွဲ ကျင်းပရေးနဲ့ ပတ်သတ်ပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ ဝမ်ယိက ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါသည်။ တရုတ်နဲ့ အမေရိကန်ကြားရှိ မတူကွဲပြားမှုများဟာ ချက်ချင်း ပျောက်ကွဲသွားမှာ မဟုတ်ပေမဲ့ ဆက်ဆံရေးသစ်တစ်ခု တည်ထောင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံစလုံးဟာ ဆိုက်ဘာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း ပြုလုပ်သင့်ကြောင်း ဝမ်က ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment