အီရတ်နိုင်ငံသည် ကမ္ဘာ့မှာရှေးဟောင်း
သမိုင်းဝင် ယဉ်ကျေးမှုထွန်းကားခဲ့သည့် ရှေးအကျဆုံး နိုင်ငံများထဲတွင် ပါဝင်ပြီး ရှေးဟောင်း
အဆောက်အဦးများနှင့် အဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်နေရာများသည် ယနေ့ထက်တိုင် တည်ရှိနေဆဲ
ဖြစ်ပါသည်။ ယခုအခါမှာတော့ အဲဒီနေရာများသည် အိုင်အက်စ်အကြမ်းဖက် လက်နက်ကိုင်များ၏ ခြိမ်းခြောက်မှုများနှင့်
ကြုံတွေ့နေရတာကြောင့် အီရတ်တပ်ဖွဲ့ဝင်များက နိုင်ငံအတွင်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို
ကာကွယ်ထိန်းသိမ်းရန်အတွက် အိုင်အက်စ်အကြမ်းဖက် လက်နက်ကိုင်များကို ရင်ဆိုင်သွားမည်
ဖြစ်ပါသည်။ ရှေးဟောင်းသမိုင်းဝင် နေရာများကို ပြန်လည်ထိန်းသိမ်း နိုင်ရန်အတွက် ဘဂ္ဂဒက်မြို့
မြောက်ပိုင်းရှိ အိုင်အက်စ် လက်နက်ကိုင်များကို တိုက်ခိုက်သွားမည် ဖြစ်ပါသည်။ အိုင်အက်စ်တို့သည်
ပြီးခဲ့သည့်အပတ်က ဆမ်မာရိုရှိ ရှေးဟောင်းဒေသများကို တိုက်ခိုက်ဖျက်ဆီးမှုပြုခဲ့ရာ ဒေသခံများကတော့
ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရန် စတင်လုပ်ကိုင် နေကြပြီဖြစ်ပါသည်။
အီရတ်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ် လက်နက်ကိုင်များကြီးစိုးရာဒေသဖြစ်သည့် တီကရစ်မြို့ကို
ချဉ်းကပ်နိုင်ခဲ့ပြီး ၄င်းတို့၏ ရှေးဟောင်းဗိသုကာ နယ်မြေများ ပြန်လည်ရယူ နိုင်ရန်အတွက်
ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရသည်။
No comments:
Post a Comment