Wednesday, March 11, 2015

ခေါ်ယူထိန်းသိမ်းခဲ့သည့် ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ မိဘများအား ခေါ်ယူ၍ ပြန်လည်အပ်နှံမည်ဖြစ်

၂၀၁၅ ခုနှစ် မတ်လ (၁၀)ရက်နေ့ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြအဖွဲ့သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တားမြစ်ထားသည့် အတားအဆီးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖောက်ထွက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေးအတားအဆီးများအား ဆွဲဖျက်ခြင်း၊ အမိုးအကာတဲများအား ဖျက်ဆီးခြင်း၊ တုတ်များ၊ ခဲများ၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ဆောင်လာမှု များကြောင့် ဥပဒေနှင့်အညီ သတိပေးကြေညာပြီးနောက် ဖမ်းဆီးထိန်းသိမ်း၍ လူစုခွဲခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်တွင် ကျား(၁၀၇)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၁၂၇)ဦးအား ခေါ်ယူထိန်းသိမ်းပြီး စစ်မေးခဲ့ပါသည်။ အဆိုပါ ခေါ်ယူထိန်းသိမ်းထားသူများနှင့် ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်၍ တက္ကသိုလ်၊ ကောလိပ်များမှ အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ဆက်လက်ပညာသင်ကြားနိုင်ရေး စေတနာ ထားရှိသောအားဖြင့်လည်းကောင်း၊ မိဘများအပေါ် စာနာထောက်ထားသောအားဖြင့် လည်းကောင်း ကျူးလွန်သည့်ပြစ်မှုများအပေါ် သက်ညှာသောအားဖြင့် ဒေသအသီးသီးရှိ သက်ဆိုင်ရာမိဘများအား ခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံရေး ဆက်သွယ်အကြောင်းကြားလျက်ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူများနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် နောက်ကွယ်မှု ကြိုးကိုင်လှုပ်ရှားသူများ၊ အားပေးအားမြောက်ပြုလုပ်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment