Monday, March 9, 2015

ယူကရိန်းအရှေ့ပိုင်းနှင့် ပတ်သက်၍ ရုရှား၏ အပြုအမူများသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ် ပေးလာနိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

ယူကရိန်းအရှေ့ပိုင်းနှင့် ပတ်သတ်၍ ရုရှား၏ အပြုအမူများသည် ကမ္ဘာငြိမ်းချမ်းရေးကို အန္တရာယ် ပေးလာနိုင်ကြောင်းနှင့် ယခုအချိန်ထိတော့ ၄င်းအခြေအနေကို သံတမန်နည်းကျ ကိုင်တွယ်ဖြေရှင်းနိုင်ဆဲ ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ (၂)ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်က ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံအနေနှင့် အိမ်နီးချင်း မိတ်ဖက်နိုင်ငံများနှင့် ဘယ်လိုဆက်ဆံ နေထိုင်သွားရမယ် ဆိုတာကို ၄င်းအနေနှင့် အကြံပေးဖို့ ခက်ခဲပါကြောင်း မာကဲလ်က သတိပေး ပြောကြားခဲ့ပါသည်။ ဒါဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုတိယကမ္ဘာစစ် အတွင်းမှာ ဂျပန်နိုင်ငံရဲ့ အောင်မြင်မှု နှစ်(၇၀)ပြည့် အခမ်းအနား အထိမ်းအမှတ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ရန် ပြင်ဆင်နေချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဂျပန်ရဲ့ စစ်ရေးဝါဒဒဏ်ကို ခံစားခဲ့ရတဲ့ တရုတ်နှင့် တောင်ကိုရီးယား တို့ကလည်း ၄င်းအစီရင်ခံစာနှင့် ပတ်သတ်ပြီး အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်လျှက်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment