Friday, November 29, 2013

သိပ္ပံပညာရှင်များဟာ အိုင်ဆွန် ကြယ်တံခွန် ပျက်စီး ပျောက်ဆုံးသွားခြင်းကို ပြန်လည် သုံးသပ်

သိပ္ပံပညာရှင်များဟာ အိုင်ဆွန် ကြယ်တံခွန် ပျက်စီးပျောက်ဆုံး သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး တရက်အကြာမှာ ၄င်းကို ပြန်လည် သုံးသပ်ခဲ့ကြပါသည်။ အိုင်ဆွန်ဟာနေနဲ့ အလွန်နီးကပ်စွာ ပျံသန်းခဲ့ပြီး ပျက်စီးသွားခဲ့တယ်လို့ သိပ္ပံပညာရှင်များက တွက်ဆခဲ့ကြပေမဲ့ အမှန်တကယ်မှာတော့ အိုင်ဆွန် လုံးဝ လောင်ကျွမ်း ပျက်စီးသွားတာတောင် အိုင်ဆွန် ကြယ်တံခွန်ရဲ့ ပို၍သေးငယ်ဖျော့တော့တဲ့ အလင်းရောင်ဟာ ဖြစ်တည် ပေါ်ပေါက်လာပါသည်။ ၄င်းကို ဇွန်ဘီ ကြယ်တံခွန်လို့ နာမည်ပေးပြီး ဒီနောက်ဆုံး တွေ့ရှိချက်များဟာ အပြောင်းအလဲမရှိကြောင်း သိရပါသည်။ 

No comments:

Post a Comment