မြန်မာ့ ရေနံနှင့်
သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော CHINNERY
ASSETS LIMITED သည် ရခိုင် ကမ်းလွန် လုပ်ကွက်
အမှတ် AD-1 နှင့် AD-8 တို့တွင် Geophysical Well Site Survey လုပ်ငန်းကို တိုင်းတာရေး
ရေယာဉ်ဖြင့် Coordinates များတွင် (၁၅-၁၂-၂၀၁၃) ရက်နေ့မှ (၃၁-၁-၂၀၁၃) ရက်နေ့ အထိ ဆောင်ရွက်
သွားမည် ဖြစ်ပါသည်။ လုပ်ငန်းခွင် ဧရိယာ (၄) ကီလိုမီတာ ပတ်လည် အတွင်း သင်္ဘောကြီးငယ်များ၊
ကုန်တင် စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ် သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့်
ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရေး ရေကြောင်း
သတိ ပေးချက် ထုတ်ပြန် ကြေညာ ထားပါသည်။
No comments:
Post a Comment