Thursday, November 28, 2013

အီရတ်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွား



အီရတ်နိုင်ငံ တောင်ပိုင်းတွင် နိုဝင်ဘာ (၂၈) ရက်နေ့က ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး လူပေါင်း (၅၀) ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ဘဂ္ဂဒက်မြို့တောင်ပိုင်း Hilla မြို့ရှိ စားသောက်ဆိုင်အပါအ၀င် လူစည်းကားရာ ဈေးများကို ပစ်မှတ်ထားပြီး ကားဗုံးပေါက်ကွဲမှု (၅) ရပ် ဖြစ်ပွားခဲ့ရာ အရပ်သား (၂) ဦးသေဆုံးပြီး (၃၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဒါ့အပြင် ရှီးအိုက်များ အများစု နေထိုင်ရာဒေသဖြစ်တဲ့ Wassit ပြည်နယ်ရှိ ဈေးများမှာလည်း ကားဗုံးပေါက်ကွဲမှု (၂) ရပ် ဖြစ်ပွားခဲ့ရာ လူ (၁၅) ဦး ဒဏ်ရာရရှိခဲ့ပါသည်။

No comments:

Post a Comment