Friday, November 29, 2013

ပိုက်လိုင်းချိတ်ဆက်ခြင်း လုပ်ငန်းများကိုဆောင်ရွက်မည် ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်း ထားမည်



စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၀န်ထမ်းများအနေဖြင့် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းမှ ရွာမသဘာဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း အသစ်ထပ်မံ တည်ဆောက်လျက်ရှိသည့် Electricity Generating Authority of Thailand (EGAT) သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်နှစ်လုံးသို့ လိုအပ်သော သဘာဝ ဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆက်သွယ် ခင်းကျင်းခြင်း လုပ်ငန်း များအား ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ရွာမသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ အစိတ်အပိုင်းများနှင့် ပိုက်လိုင်း ချိတ်ဆက်ရန် အဆင့်သို့ ရောက်ရှိပြီ ဖြစ်ပါသည်။ 


No comments:

Post a Comment