Friday, November 29, 2013

အင်္ဂလိပ် ဘောလုံးပွဲစဉ်များတွင် လုပ်ပွဲအရှုပ်တော်ပုံ ဖန်တီးတယ်လို့ သံသယရှိသူ (၆) ဦးကို ဖမ်းဆီးခဲ့ကြောင်း အန်စီအေက ပြောကြား

အင်္ဂလိပ် ဘောလုံးပွဲစဉ်များတွင် လုပ်ပွဲအရှုပ်တော်ပုံ ဖန်တီးတယ်လို့ သံသယရှိသူ (၆) ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဗြိတိန်နိုင်ငံ အမျိုးသား ပစ်မှုထိန်းသိမ်းရေး အေဂျင်စီ (အန်စီအေ) က ကြောငြာခဲ့ပါသည်။ ဒီစုံစမ်းစစ်ဆေးမှု ဒေးလီး-တယ်လီဂရပ် သတင်းစာတွင် စင်ကာပူနိုင်ငံသား လုပ်ပွဲဖန်တီးသူနဲ့ အာရှ ၀က်ဘ်ဆိုဒ်တွင် တရားမ၀င် လောင်းကြေးဖွင့်မှုမှ စတင်ခဲ့တာ ဖြစ်ပါသည်။ အန်စီအေကိုတော့ ယခုနှစ်အစေပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး ၄င်းဟာ အင်္ဂလန် ဘောလုံး အဖွဲ့အစည်းများနှင့် အပြင် လောင်းကြေးဒိုင်များနဲ့ ပူးပေါင်းကာ ပစ်မှုများကို တိုက်ဖျက်လျက်ရှိကြောင်း သရပါသည်။ 

No comments:

Post a Comment