Thursday, November 28, 2013

ကိုကင်းထုတ်လုပ်ခြင်း ရပ်တန့်ရန် ကိုကာအရွက်များ ဖျက်ဆီးခြင်းဟာ ထိရောက်တဲ့ လုပ်ဆောင်ချက် မဟုတ်ကြောင်း FARC မှ ပြောကြား



ကိုလံဘီယာ အစိုးရနဲ့ ကိုလံဘီယာ မူးယစ်ဆေးဝါး လက်နက်ကိုင်အဖွဲ့ (FARC) တို့မှ စေ့စပ်ညှိနှိုင်းသူများဟာ ကျူးဘားနိုင်ငံ ဟာဗာနာမှာ တရားမ၀င် မူးယစ်ဆေးဝါးများနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အချက် (၅) ချက်မှ တတိယအချက်ဖြစ်တဲ့ ကိုကင်းထုတ်လုပ်ခြင်း ရပ်တန့်ရန် ကိုကာအရွက်များ ဖျက်ဆီးခြင်းဟာ ထိရောက်တဲ့ လုပ်ဆောင်ချက် မဟုတ်ကြောင်း FARC မှ နိုဝင်ဘာ (၂၈) ရက်နေ့က ပြောကြားခဲ့ပါသည်။ လွန်ခဲ့တဲ့ (၁၀) စုနှစ်ကျော်က ကိုလံဘီယာ အစိုးရဟာ ကိုကင်း ထုတ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ကိုကာအရွက်များ စိုက်ပျိုးတဲ့ လယ်သမားများကို အရေးယူခဲ့ပြီး ကိုကင်း ဓာတ်ခွဲခန်းများကိုလည်း ဖျက်ဆီးခဲ့ကာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ စီးပွားရေး လုပ်ငန်းများကို နှိမ်နှင်းခဲ့ပါသည်။ FARC နဲ့ ကိုလံဘီယာအစိုးရတို့ရဲ့ ဆွေးနွေးပွဲဟာ ကိုကင်းထုတ်လုပ်ခြင်း ရပ်တန့်ရန် များစွာ အထောက်အကူဖြစ်ပေမဲ့ တာဝန်ရှိသူများအနေနဲ့ အခြားအဖွဲ့များ ထပ်မံပေါ်ပေါက်လာမှာ စိုးရိမ်လျက် ရှိပါသည်။

No comments:

Post a Comment