ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်
Dhaka မြို့ပြင်ရှိ ဂါဇီပါ စက်မှုဇုံမှာ Standard Group ပိုင် အ၀တ်အထည် ထုတ်လုပ်သည့်
စက်ရုံမှ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ မီးလောင်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ဘာကြောင့် ခုလိုမီးလောင်ကျွမ်းရသလဲ
ဆိုတာကို ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပါသည်။ အဆောက်အဦးနှစ်ခုကို
မီးလောင်ကျွမ်းခဲ့ရာ ပထမ အဆောက်အဦးမှ မီးကိုလျှင်မြန်စွာ ထိန်းသိမ်းနိုင်ခဲ့သော်လည်း
ဒုတိယ အဆောက်အဦးမှ မီးဟာ ညအထိ ဆက်လက်လောင်ကျွမ်းခဲ့ပြီး အနီးရှိ ကုန်အပြည့် တင်ထားတဲ့
ထရပ်ကား (၁၅) စီးကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ပါသည်။ အခုလို မီးလောင်ကျွမ်းမှုကြောင့်
ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာသန်း (၁၀၀) ခန့် ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment