Saturday, November 2, 2013

ဆီးဂိမ်းအကြို ရိုးရာလက်ဝှေ့ (မွေ) Test Match ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ



အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ရိုးရာလက်ဝှေ့ (မွေ) အားကစားနည်း အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသင်းအောင်မြင်ရေးနှင့် အတွေ့အကြုံကောင်းများ ရရှိရန်ရည်ရွယ်၍ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို ရိုးရာလက်ဝှေ့(မွေ) Test Match ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ (၂) ရက် မွန်းလွဲ (၁) နာရီတွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ အားကစားရုံ ဖွင့်ပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ တက်ရောက် အမှာစကားပြောကြားသည်။ 

No comments:

Post a Comment