Monday, December 30, 2013

တရုတ်နိုင်ငံ ဂွေ့ဂျိုးပြည်နယ် တောင်တန်းဒေသရွာ လမ်းများမှာ နှင်းများဖုံးအုပ်နေသဖြင့် ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွေ့ဂျိုးပြည်နယ် တောင်တန်းဒေသရွာ လမ်းများမှာ နှင်းများဖုံးအုပ်နေတာကြောင့် ၄င်းဒေသရှိ လူများမှာ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရပါသည်။ နှင်းများဟာ ဒီဇင်ဘာ (၁၅) ရက်နေ့ ကတည်းက စတင်ကျဆင်းခဲ့တာ ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂၅၀၀) အမြင့်ရှိတဲ့ Gaofeng ရွာမှာ အပူချိန်ဟာ ရေခဲမှတ်အောက် (၃) ဒီဂရီဆဲလ်ဆီးယပ် အထိ ကျဆင်းနေပါသည်။ နှင်းများပိတ်ဆို့နေကာ လမ်းများမှာ ယာဉ်များ သွားလာမရနိုင်ဘဲ အသီးအရွက်ပင်များဟာလဲ အေးခဲပြီး သေဆုံးတော့မှာ ဖြစ်တာကြောင့် ဒေသခံများအတွက် သွားလာရေး၊ အပူဓာတ်ရရှိရေးနှင့် အစားအစာအတွက် အခက်အခဲများ ဖြစ်ပေါ်နေပါသည်။ မြေအောက်ရေပိုက်လိုင်း အတွင်းမှာလည်း ရေများအေးခဲနေတဲ့အတွက် ရွာသားများအတွက် ရေရရှိဖို့ ခက်ခဲနေတာကြောင့် ဒေသခံအစိုးရက နေ့စဉ် အထောက်အပံ့များကို ထွန်စက်များဖြင့် ပေးပို့နေရကြောင်း သိရပါသည်။

No comments:

Post a Comment