(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာအားကစား သမားများအား
ဂုဏ်ပြုချီးမြှင့်ပွဲကို ဒီကနေ့ ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင်
ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရ
အားကစားအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတက
အောင်ပွဲရ အားကစားသမားများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment