Monday, December 30, 2013
အကျဉ်းသား (၅) ဦးအား နိုင်ငံ အကျိုးအတွက် လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ တင်ပြခဲ့သည့်
အကျဉ်းထောင်၊ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး
ဖြစ်သည့် အကျဉ်းသား (၅) ဦး တို့အား နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို
နားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက်
အများပြည်သူတို့နှင့်အတူ တာဝန် ထမ်းဆောင်နိုင်ရန် အတွက် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ပုဒ်မ ၂၀၄ (က) နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁
ပုဒ်မခွဲ (၁) အရ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့မှ စ၍ ကျခံရန်
ကျန်ရှိနေသော ပြစ်ဒဏ်များ အပေါ် လျော့ပေါ့၍ လွတ်ငြိမ်း ချမ်းသာခွင့်
ပြုခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment