ကျောက်မျက်ရတနာများကို
အရိုင်းအတိုင်း ရောင်းချခြင်းအစား တန်ဖိုးမြှင့် (Value added) အချောထည်၊ လက်ဝတ်ရတနာများ
ပြုလုပ်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန်၊ နိုင်ငံအတွင်း ကျောက်မျက်ရတနာ
အချောထည်ဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ
ပိုမိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည် ဈေးဖွင့်ပွဲ
အခမ်းအနားကို ဒီကနေ့နံနက် (၈)နာရီတွင် ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေးမုခ်ဦးရှေ့တွင်
ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍
ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပါသည်။
No comments:
Post a Comment