Saturday, December 28, 2013

ချီလီနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွား



ချီလီနိုင်ငံ မြောက်ပိုင်းတွင် ဒီဇင်ဘာလ (၂၇) ရက်နေ့ သောကြာနေ့၌ ဘိုလီဗီယား ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခရီးသည် (၁၀)ဦးထက် မနည်း သေဆုံးပြီး လူ(၃၀) ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များမှ ပြောကြားခဲ့သည်။ ၎င်းဘတ်စ်ကားသည် ဘိုလီဗီယား နိုင်ငံ ကိုချာဘမ်ဘာမှ ချီလီနိုင်ငံ ဘာရီကာသို့ ပြေးဆွဲနေသည့် ကားဖြစ်ပြီး ပုံမှန် လမ်းအမှတ် ၁၁ တွင် ဒီဇင်ဘာလ (၂၇) ရက်နေ့ ညနေခင်း အစောပိုင်းတွင် တိမ်းမှောက်ခဲ့တာ ဖြစ်သည်။

No comments:

Post a Comment