Monday, December 30, 2013

အီရတ်နိုင်ငံရှိ ဆီးရီးယား ဒုက္ခသည် Imad ဟာ ဆီးရီးယား အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေဆဲ ဖြစ်တဲ့အတွက် ဆီးရီးယားကိုမပြန်ဖို့ ရွေးချယ်

အီရတ်နိုင်ငံရှိ ဆီးရီးယား ဒုက္ခသည် Imad ဟာ ဆီးရီးယား အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေဆဲ ဖြစ်တဲ့အတွက် ဆီးရီးယားကိုမပြန်ဖို့ ရွေးချယ်ခဲ့ကြောင်း သိရပါသည်။ အီရတ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဆီးရီးယား ဒုက္ခသည် (နှစ်သိန်းတစ်သောင်း) ထဲမှ (၆၀%) ခန့်ဟာ မြောက်ပိုင်းမြို့များမှာ နေထိုင်နေပြီး Imad ကတော့ ၄င်းတို့ထဲမှ တစ်ယောက်ပဲ ဖြစ်ပါသည်။ Imad ဟာ ပဋိပက္ခမှ လွတ်မြောက်ရန် အင်ဂျင်နီယာ တက္ကသိုလ်မှ ဘွဲ့ယူပြီး အီရတ်သို့ ထွက်ပြေးခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ ၄င်းဟာ ကာဒစ်တန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အာဘယ်လ်မြို့ရှိ ဟိုတယ်တစ်ခုမှာ အလုပ်ရရှိခဲ့ပါသည်။ ၄င်းလိုပဲ ဆီးရီးယား ဒုက္ခသည်များဟာ ဒေသဟိုတယ်များနဲ့ စားသောက်ဆိုင်များမှာ အလုပ်လုပ်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေက အလုပ်များပေးရန် ၄င်းတို့ကို ရွေးချယ်ခဲ့ကြာတာ ဖြစ်ကြောင်း Imad က ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment