တရုတ်နိုင်ငံ၊
စီချွမ်ပြည်နယ် Luzhou မြို့ရှိ Shopping mall တစ်ခုတွင် ကြာသပတေးနေ့တွင် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ပြီး အရပ်သား(၂)ဦးမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အရပ်သား (၂)ဦးအနက်
အမျိုးသားမှာ ဦးခေါင်းခွံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ အမျိုးသမီးမှာ အသက်ရှုရ ခက်ခဲလျှက်ရှိသည်။
ပေါက်ကွဲမှုဟာ ည(၁၀:၄၀) ခန့်တွင် ဖြစ်ပွားခဲ့တာ ဖြစ်သည်။ MO 'Erma Shopping Mall ပေါက်ကွဲမှုကြောင့်
လူ (၄)ဦး သေဆုံးပြီး အခြား (၄၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးရုံသို့
ပို့ဆောင်ပေးခဲ့သည်။
No comments:
Post a Comment