Tuesday, December 31, 2013

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်ဟာ ဆက်လက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ ပြောင်းရွှေ့နေရ

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့က ဆက်လက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ ပြောင်းနေရကြောင်း သိရပါသည်။ ၄င်းမီးတောင်ဟာ (၂၄၆၀) မီတာမြင့်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ဒီဇင်ဘာ (၃၁) ရက်နေ့က မနက်ပိုင်းအထိ (၆) ကြိမ် ပေါက်ကွဲခဲ့ကြောင်း မီးတောင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့ပါသည်။ အဲ့ဒီမီးတောင်ဟာ ရာစုနှစ် (၄) စုအတွင်း လှုပ်ရှားမှုမရှိပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း လှုပ်ရှားလာပြီးတဲ့နောက် အစိုးရအနေနဲ့ အမြင့်ဆုံးအဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါသည်။ 

No comments:

Post a Comment