Friday, January 31, 2014

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ



ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ (၃၁) ရက်နေ့ နေ့လယ်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှုး၊ ဦးဝင်းကြည်က အဖွင့်အမှာစကားပြော ကြားပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ ဦးဝင်းဇော်ဌေးက နိုင်ငံပိုင်သတင်းစာ ထုတ်ဝေမှုတွင် အရှုံးခံထုတ်နေခြင်းမဟုတ်ကြောင်း၊ နိုင်ငံပိုင်လုပ်ငန်းများတွင် အရှုံးမရှိသော လုပ်ငန်းတစ်ခု အဖြစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ပါ ကြောင်း ရှင်းလင်းခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သတင်းစာ၊ ဂျာနယ် ထုတ်ဝေမှုတွင် ပုံနှိပ်မှတ်တမ်း ပါဝင်မှုမရှိသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး၊ ဦးဝင်းကြည်က ပုဂ္ဂလိကရုပ်/သံမီဒီယာ ကုမ္မဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော သတင်းစာ ဆရာကြီး၊ ဆရာမကြီးများက သိလိုသည်များကို မေးမြန်းခဲ့ရာတွင်
ရွှေနိုင်ငံသစ်ဂျာနယ်၊ DVB ၊ Messenger ၊ Eleven Media နှင့် ပြည်သူ့ဆန္ဒ ဂျာနယ် တို့မှ မေးမြန်းချက်များကို သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ပြီး မွန်းလွဲ (၁၄း၃၀)နာရီတွင် အခမ်းအနား ပြီးစီးခဲ့သည်။

No comments:

Post a Comment