Wednesday, February 26, 2014

လွိုင်ကော်မြို့တွင် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း၏ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း၏ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပသည်။ ရှေးဦးစွာ လွိုင်ကော်မြို့ သန်းခေါင်စာရင်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် အချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ 

No comments:

Post a Comment